ကုန်ဈေးနှုန်းသတင်း ၂၃.၁၂.၂၀၂၅
23 Dec
ဒီဇင်ဘာလ ၂၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက် ကျဆင်းနေသလို ပြောင်းဆန်ဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ပဲစင်းငုံနီ၊ ပဲပုပ်နဲ့ ပဲလွန်းနီ၊ ကြက်သွန်နီဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ အခြားပဲအများစုနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၆,၀၁၄ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၄,၅၃၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၃၇၅ ကျပ်ကနေ ၄,၄၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၈၁,၉၆၄ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၅၀ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၄,၁၆၅ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၈၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာ ကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၂၅ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၁၆၅ ကျပ်ကနေ ၅,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၁၄,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ သကြား တစ်ပိဿာ ကို ၃,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၅,၃၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၀ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၃,၉၈၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၀ ကျပ်၊ မန္တလေးမှာ ၂,၆၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၀၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၈၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၅၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၂၃၀ ကျပ်၊ မန္တလေးမှာ ၂,၃၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၃၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၈၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၉၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၂၈၀,၀၀၀ိ/-) ကိုးဆယ် နှစ်သိန်း ရှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။