“ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟာရီကိန်း”
23 Dec
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၁၀၀ ကို အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဟာရီကိန်းဟာ ဟော့ဖန်ဟိမ်း အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ ၈၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၉ ကြိမ်ကို ၇၈ ပွဲကစားပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ၁၁၉ ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း ရော်ဘင် ရဲ့ စံချိန်ကို ချိုးဖျက်ပြီး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဟော့ဖန်ဟိမ်း နဲ့ပွဲက ဟာရီကိန်း အတွက် ၂၀၂၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရတဲ့နောက်ဆုံးပွဲဖြစ်ပြီး ကလပ်နဲ့လက်ရွေးစင် နှစ်သင်းပေါင်း ဂိုး ၆၀ သွင်းယူ နိုင်တဲ့နှစ်လည်း ဖြစ်ခဲ့ပါတယ်။ (NVS 008)