“Sherdog ဝက်ဘ်ဆိုက်က ချီးမြှင့်တဲ့ဆုနှစ်ဆုကို ရရှိခဲ့တဲ့ ဂျိုရှူအာဗန်”

23 Dec

ကမ္ဘာ့ MMA လောကမှာ နာမည်ကျော် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Sherdog ဝက်ဘ်ဆိုဒ်ဟာ ချင်းတိုင်းရင်းသား မြန်မာကစားသမား ဂျိုရှူအာဗန် ကို ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး MMA အမျိုးသားကစားသမားဆု (Sherdog's 2025 Male Fighter of the Year) နှင့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးပွဲ (Sherdog's 2025 Fight of the Year) ဆုတို့ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြမှုအရ ချင်းတိုင်းရင်းသား မြန်မာကစားသမား ဂျိုရှူအာဗန် ဟာ ယခု ၂၀၂၅ ခုနှစ် အတွင်း လေးပွဲထိုးသတ်ထားရာမှာ လေးပွဲစလုံးကို အနိုင်ရရှိထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ထိုးသတ်ခဲ့တဲ့ ပွဲတွေကတော့ မတ်လ ၈ ရက် UFC 313 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ ရေးတက်ဆူရာကို အသာစီးထိုးသတ်ခဲ့ပြီး ဒိုင်သုံးဦးစလုံးက ပေးအပ်တဲ့ အမှတ်များနဲ့ အငြင်းပွားဖွယ်မရှိ အနိုင်ရရှိခဲ့ပြီး ဇွန်လ ၇ ရက်မှာ ကျင်းပခဲ့တဲ့ UFC 316 ပြိုင်ပွဲမှာ ဘရာဇီးဖိုက်တာ ဘရူနို ဒါဆေးလ်ဗား ကို တတိယအချီမှာ အလဲထိုးကာ အနိုင်ယူခဲ့ကာ၊ ဇွန်လ ၂၈ ရက် မှာ ကျင်းပတဲ့ UFC 317 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) ကစားသမား အမေရိကန်ဖိုက်တာ ဘရန်ဒန် ရွိုင်ဗယ် ကိုအသာစီးထိုးသတ်ပြီး အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ မကြာသေးခင် က ကျင်းပခဲ့တဲ့ UFC 323 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်းချန်ပီယံ ပန်တိုဂျာ ကို ၂၆ စက္ကန့်အတွင်း အလဲထိုးကာ အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း ပြည့်ပြည့်စုံစုံရေးသား ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။ Sherdog ဝက်ဘ်ဆိုက်က ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးပွဲ (Sherdog's 2025 Fight of the Year ) ဆုကို ပြီးခဲ့တဲ့ဇွန်လ ၂၈ ရက်က UFC 317 ပြိုင်ပွဲမှာ ဂျိုရှူအာဗန်နဲ့ အမေရိကန် ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်တို့ ထိုးသတ်ခဲ့တဲ့ပွဲကို ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

23 Dec

ADVERTISE HERE .