“ဇန်နဝါရီလမှာ ကစားသမားသစ်များ အားဖြည့်မယ်လို့ဆိုတဲ့ အူနိုင်းအမ်မရီ”

23 Dec

အက်စတွန်ဗီလာအသင်းရဲ့နည်းပြ အူနိုင်းအမ်မရီ က ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ် အားဖြည့်မှု ပြုလုပ်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀ ဝန်းကျင်သာ သုံးစွဲခဲ့ပေမယ့် လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရရှိနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှတ်ပေးဇယားမှာ အာဆင်နယ်၊ မန်စီးတီး တို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်နေပြီး ပြိုင်ပွဲစုံ(၁၀)ပွဲဆက်လည်း အနိုင်ရရှိထားပါတယ်။ ဒါကြောင့် ချန်ပီယံဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးခံနေရ ပေမယ့် အူနိုင်းအမ်မရီ က တိုးတက်မှုပိုရှိလာဖို့ အားဖြည့်မှုပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အက်စတွန်ဗီလာ အသင်း ချိန်ရွယ်နေတဲ့ ကစားသမားတွေထဲမှာ ဘာစီလိုနာအသင်းက ဂျာမန်ဂိုးသမား စတီဂျန်လည်း ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)

23 Dec

ADVERTISE HERE .