“နည်းပြ အန်နရစ် ကို တစ်သက်တာစာချုပ် ချုပ်ဆိုဖို့ စီစဉ်နေတဲ့ PSG အသင်း”

23 Dec

PSG အသင်းဟာ နည်းပြ လူးဝစ်အန်နရစ် ကို တစ်သက်တာစာချုပ်နဲ့ သက်တမ်းတိုးဖို့ စီစဥ်နေကြောင်း သိရပါတယ်။ အန်နရစ် ဟာ PSG အသင်းကို ၂၀၂၃ ခုနှစ်ကမှ စတင်ကိုင်တွယ်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာ သမိုင်းဝင် အောင်ပွဲတွေ ရယူပေးနိုင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေက အန်နရစ် ဆန္ဒရှိသလောက် အသင်းမှာ ဆက်နေခွင့်ရှိမယ့် တစ်သက်တာသက်တမ်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဥ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ အန်နရစ် ဟာ PSG အသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဖလားသုံးလုံးအောင်ပွဲ ရယူပေးနိုင်ရုံ သာမက ၂၀၂၅ ခုနှစ်အတွင်း ဖလား ၆ လုံးအထိ ရယူပေးနိုင်ခဲ့ပါတယ်။ အခုလို တစ်နှစ်အတွင်း ဖလား ၆ လုံး ရယူနိုင်တဲ့နည်းပြက ဘောလုံးလောကမှာ သုံးဦးသာရှိပြီး ၂၀၀၉ မှာ ဘာစီလိုနာနဲ့ ဂွါဒီယိုလာ၊ ၂၀၂၀ မှာ ဘိုင်ယန်မြူးနစ်နဲ့ ဟန်ဆီဖလစ်ခ်၊ ၂၀၂၅ မှာ PSG နဲ့ အန်နရစ် တို့ဖြစ်ကြောင်း သိရပါတယ်။ အန်နရစ် ဟာ ၂၀၂၅ ခုနှစ်အတွက် Ballon d'Or က ချီးမြှင့်တဲ့ အကောင်းဆုံးနည်းပြဆုကိုရော The Best အကောင်းဆုံးနည်းပြဆုကိုပါရရှိခဲ့ပါတယ်။ (NVS 008)

23 Dec

ADVERTISE HERE .