“အီတလီစူပါဖလားမှာ ဗိုလ်စွဲခဲ့တဲ့ နာပိုလီ”

23 Dec

နာပိုလီအသင်းဟာ အီတလီစူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘိုလော့ဂ်နာအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ နာပိုလီအသင်းအတွက် သွင်းဂိုးတွေကို တောင်ပံကစားသမား နေရိစ် က ၃၉၊ ၅၇ မိနစ်တွေမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နေရိစ် ဟာ ဆီမီးဖိုင်နယ်မှာလည်း တစ်ဂိုးသွင်းခဲ့လို့ စူပါဖလားမှာ သုံးဂိုး သွင်းယူခဲ့ပါတယ်။ နာပိုလီ အသင်းက စူပါဖလားမှာ တတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်တယ်။ အီတလီစူပါဖလားဟာ မူလက စီးရီးအေ ချန်ပီယံနဲ့ ကိုပါအီတာလီယာချန်ပီယံတို့သာ ယှဉ်ပြိုင်ရတာဖြစ်ပြီး ၂၀၂၃ ပြိုင်ပွဲကစလို့ စီးရီးအေဒုတိယနဲ့ ကိုပါအီတာလီယာ ဒုတိယအသင်းတွေပါ ထပ်ဖြည့်ကာ လေးသင်းနဲ့ ကျင်းပခဲ့ပါတယ်။ (NVS 008)

23 Dec

ADVERTISE HERE .