“သီရိလင်္ကာနိုင်ငံ၌ မုန်တိုင်းဒဏ်သင့်မိသားစုများအတွက် အိမ်ရာအဆောက်အအုံများဆောက်လုပ်ပေးသွားမည်”

23 Dec

သီရိလင်္ကာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သော မိသားစုများအတွက် အိမ်ရာ အဆောက်အအုံများ ဆောက်လုပ်မည့်အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရဝန်ကြီးတစ်ဦးက ဒီဇင်ဘာလ ၂၂ ရက်တွင် ပြောသည်။ အိမ်ရာ၊ ဆောက်လုပ်ရေးနှင့်ရေပေးဝေရေးဝန်ကြီး ဆူဆေးလ်ရာနာဆင်းဂီ က မုန်တိုင်းကြောင့် နေအိမ်ပေါင်း ၆,၀၀၀ ကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ပြောသည်။ ထို့ပြင် နေအိမ် ၁၀၀,၀၀၀ ခန့်မှာလည်း တစ်စိတ်တစ်ပိုင်းပျက်စီးမှု ဖြစ်ပွားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ နေအိမ်များ တိုက်ရိုက်ထိခိုက်ပျက်စီးမှုမဖြစ်ပွားသည့်တိုင် အချို့နေရာဒေသများတွင် ဘေးကင်းလုံခြုံမှု မရှိ သေးကြောင်းနှင့် နေထိုင်ရန်မသင့်သေးကြောင်း ဆူဆေးလ်ရာနာဆင်းဂီ က ပြောသည်။ သမ္မတရုံးက လိုအပ်သော ရန်ပုံငွေများကို ထောက်ပံ့ပေးလျက်ရှိသည်ဟု ဆိုသည်။ သီရိလင်္ကာအစိုးရသည် မုန်တိုင်းဒဏ်သင့်မိသားစုများ၏ လူနေမှုဘဝကို အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ရန်နှင့် အနာဂတ်ဘေးအန္တရာယ်များ လျော့ပါးစေရန် အတွက် အန္တရာယ်များသောဒေသများတွင် နေထိုင်သူများကို ပိုမိုဘေးကင်းလုံခြုံမှုရှိသောဒေသများသို့ ပြန်လည် နေရာချထားပေးရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

23 Dec

ADVERTISE HERE .