“ကမ္ဘောဒီးယားနှင့် အပစ်အခတ်ရပ်စဲရေးအသေးစိတ်ကို မကြာမီဆွေးနွေးမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော”

23 Dec

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက် များကို မကြာမီဆွေးနွေးမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။ ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပမည့် အစည်းအဝေး၌ အဆိုပါကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာလ ၂၂ ရက် တွင် ပြောခြင်းဖြစ်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခြင်းကို ကြိုဆိုပြီး နယ်စပ်ပဋိပက္ခများကို နှစ်နိုင်ငံကြား ဆက်သွယ်မှုမှတစ်ဆင့် ဖြေရှင်းသွားရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ ယခုဆွေးနွေးမှုများကို အထွေထွေနယ်စပ်ရေးရာကော်မတီ၏မူဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း ဒေသတွင်းတင်းမာမှုများလျော့ကျစေရန် တိုက်တွန်းထားသည်။ နယ်စပ် ပဋိပက္ခများ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ယခုတွေ့ဆုံမှုက အရေးပါသောဆွေးနွေးမှုတစ်ခုဖြစ်လာနိုင်ပြီး နှစ်နိုင်ငံကြားပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အခြေခံကောင်းတစ်ခုဖြစ်နိုင်မည်ဟု ယူဆရကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

23 Dec

ADVERTISE HERE .