“ကြက်သွန်နီဈေးကွက် အနည်းငယ်မြင့်တက်လာ”
23 Dec
မိုးရာသီမှာစိုက်ပျိုးတဲ့ ကြက်သွန်နီများဈေးကွက်၀င်လာချိန်မှာ အရည်သွေးကောင်းတဲ့ ကြက်သွန်နီများဈေး အနည်းငယ်မြင့်တက်လာကြောင်း သိရပါတယ်။ ကြက်သွန်နီဈေးက ပြည်တွင်းဈေးသာမက ပြည်ပသို့ရောင်းချတဲ့ ဈေးနှုန်းတွေ အပြောင်းအလဲများစွာ ရှိနေပြီး ပြည်ပတင်ပို့တဲ့ ကြက်သွန်နီဈေးမှာ အရည်အသွေးကောင်းတဲ့ အမျိုးအစား FOB တစ်တန်လျှင် ဒေါ်လာ ၃၁၅/၃၂၅ မှ ၃၃၀/၃၄၀ သို့ မြင့်တက်လာပြီး အရည်အသွေးညံ့တဲ့ အမျိုးအစားများက တစ်တန်လျှင် ဒေါ်လာ ၁၅၅/၁၆၅ မှ ၁၃၀/၁၄၀ သို့ မြင့်တက်သွားကြောင်း သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ်ကြက်သွန်ဝင်ရောက်မှုအနေနဲ့ တစ်ရက်လျှင် ပိဿာချိန် ၁၅၀,၀၀၀ ၀န်းကျင်ရှိပြီး ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီလက္ကားဈေးမှာ ဆိတ်ဖြူ(သစ်) ရှယ် တစ်ပိဿာလျှင် ၁,၈၀၀ ကျပ်မှ ၂,၂၀၀ ကျပ်၊ မြင်းခြံ(သစ်)ရှယ် တစ်ပိဿာ ၁,၈၀၀ ကျပ်မှ ၂,၂၀၀ ကျပ် ၊ မုံရွာ(သစ်)ရှယ် တစ်ပိဿာ ၁,၉၀၀ ကျပ် ဈေးရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့အနီးရှိ ကျေးရွာများမှ ကြက်သွန်စိုက်တောင်သူများက ထွက်ရှိသော ကြက်သွန်များကို မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများသို့ ပေးအပ်ရောင်းချပြီး ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ စစ်တွေ၊ ပခုက္ကူနှင့် ကချင်ဒေသများသို့ တင်ပို့ရောင်းချပြီး ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချမှုများလည်း ရှိနေကြောင်း သိရပါတယ်။(NVS 004)