“မွန်ပြည်နယ်မှာ မဲရုံပေါင်း ၆၅၆ ရုံနဲ့ ဖွင့်လှစ်ကျင်းပမည်”
23 Dec
မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တွင် မွန်ပြည်နယ် တစ်ပြည်နယ်လုံး၌ မဲရုံပေါင်း ၆၅၆ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဦးစီးအရာရှိကနေ သိရပါတယ်။ ရွေးကောက်ပွဲအပိုင်း (၁)တွင် မဲရုံပေါင်း ၃၃၅ ရုံ နှင့် အပိုင်း (၂) တွင် မဲရုံပေါင်း ၃၂၁ ရုံ၊ စုစုပေါင်း ၆၅၆ ရုံ ဖွင့်လှစ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ မော်လမြိုင်မြို့နယ်အတွင်း မဲရုံပေါင်း ၁၁၇ ရုံနှင့် သံဖြူဇရပ်မြို့နယ်အတွင်း မဲရုံပေါင်း ၅၅ ရုံ ရှိကြောင်း သိရပါတယ်။ မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ၄၂ အုပ်စုရှိကာ သံဖြူဇရပ်မြို့နယ်တွင် ၄၁ အုပ်စု ရှိကြောင်း သိရပါတယ်။ (NVS 004)
23 Dec