“ဖယ်ခုံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၂ နှစ်ကြာမှာ ပြန်လည်ဖွင့်လှစ်”

23 Dec

နယ်မြေဒေသအခြေအနေကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်မှစတင်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲအား ယာယီပိတ်ထားခဲ့ရာမှ တပ်မတော်က ဖယ်ခုံမြို့အားပြန်လည် ထိန်းချုပ် ပြီးချိန်မှာ ဒေသတွင်းတည်ငြိမ်လာပြီဖြစ်တာကြောင့် ဒီဇင်ဘာလ ၂၂ ရက်တွင် ဘဏ်ခွဲကိုပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အခုလို ပြန်လည်ဖွင့်လှစ်ပြီးနောက် ဒေသတွင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့နှင့် နိုင်ငံဝန်ထမ်းများ၏ လစာနှင့်အသုံးစရိတ်များထုတ်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ နိုင်ငံတစ်ဝန်း ဒေသအသီးသီးသို့ငွေလွှဲပေးပို့ခြင်း၊ ဒေသအသီးသီးမှ လွှဲပို့ငွေများထုတ်ပေးခြင်း၊ ငွေစုဆောင်းအပ်နှံခြင်းနှင့် စုဆောင်းအပ်နှံငွေများ ပြန်လည်ထုတ်ယူခြင်းတို့ အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်မှု များကို ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

23 Dec

ADVERTISE HERE .