ပြင်သစ်နိုင်ငံက လေယာဉ်တင်သင်္ဘောသစ် တည်ဆောက်မည်ဟု မက်ခရွန် ပြောကြား
22 Dec
ပြင်သစ်ရေတပ်၏ အနာဂတ်လေယာဉ်တင်သင်္ဘောကြီးအတွက် ဒီဇိုင်းရေးဆွဲတည်ဆောက်ရေးလုပ်ငန်းစဉ် စတင်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ဒီဇင်ဘာလ ၂၁ ရက်၌ ကြေညာခဲ့ကာ ယင်းအား နိုင်ငံ၏ ပင်လယ်ရေကြောင်း စိုးမိုးနိုင်စွမ်းကို ခိုင်မာအားကောင်းစေမည့် အရေးပါသောခြေလှမ်းတစ်ရပ်အဖြစ် ညွှန်းဆို ခဲ့ကြောင်း သိရသည်။ “စေ့စပ်သေချာစွာနဲ့ ဂရုတစိုက် ဆန်းစစ်အကဲဖြတ်မှုတွေ လုပ်ဆောင်ပြီးနောက် ပြီးခဲ့တဲ့ စစ်ရေးစီမံချက် ဆိုင်ရာ ဥပဒေနှစ်ရပ်နဲ့အညီ ပြင်သစ်နိုင်ငံအတွက် လေယာဉ်တင်သင်္ဘောသစ်တစ်စင်း တည်ဆောက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ဒီအရေးပါတဲ့စီမံချက်ကို စတင်ဖို့ အခုသီတင်းပတ်ထဲမှာပဲ ဆုံးဖြတ်ခဲ့တာပါ” ဟု ယူအေအီးနိုင်ငံတွင် တပ်စွဲထားသော ပြင်သစ်တပ်များအား မိန့်ခွန်းပြောကြားရာ၌ မက်ခရွန် က ထည့်သွင်းပြောကြားခဲ့သည်။ အနာဂတ် လေယာဉ်တင်သင်္ဘောသစ်ကြီးအား လက်ရှိအသုံးပြုနေသော ချားလ်စ် ဒီဂေါလ် လေယာဉ်တင် သင်္ဘောကြီး၏နေရာတွင် အစားထိုးရန်ရည်ရွယ်ခြင်းခြင်းဖြစ်ပြီး ၂၀၃၈ ခုနှစ်တွင် တပ်တော်ဝင်နိုင်ရန် စီစဉ် ထားကြောင်း ပြင်သစ်နေ့စဉ်သတင်းစာ လီဖီဂါရို (Le Figaro)၏ ဖော်ပြချက်အရ သိရသည်။ (Repost from Xinhua Myanmar)