ရုရှားနိုင်ငံအနေဖြင့် ယူရေးရှားစီးပွားရေးသမဂ္ဂ(EAEU) အခြားသောအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုကို အားဖြည့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပူတင် ပြောကြား
22 Dec
ရုရှားနိုင်ငံသည် ယူရေးရှားစီးပွားရေးသမဂ္ဂ(EAEU) မိတ်ဖက်များနှင့် အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုး စီးပွားဖော်ဆောင်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အလွန်အလေးထားပြီး အပြန်အလှန်ဆက်သွယ်မှုကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ကြောင်း သမ္မတ ဗလာတီမာပူတင် က ဒီဇင်ဘာလ ၂၁ ရက်တွင် စိန့်ပီတာ စဘတ်စ်မြို့၌ ကျင်းပသည့် ယူရေးရှားစီးပွားရေးသမဂ္ဂ(EAEU)၏ အမြင့်ဆုံးအာဏာအဖွဲ့အစည်းဖြစ်သော ယူရေရှား စီးပွားရေးကော်မရှင်၏ အမြင့်ဆုံးဘုတ်အဖွဲ့ အစည်းအဝေးငယ်တစ်ခု၌ ပြောကြားခဲ့သည်ဟု ရုရှားသမ္မတ ဝက်ဘ်ဆိုက်က ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ EAEU အတွင်း ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်နေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမငြိမ်မသက်မှုများကြားတွင် ယင်းအတွင်းပိုင်း ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများနှင့် ယူရေရှား ဒေသတစ်ခုလုံး၏ စီးပွားရေး တည်ငြိမ်စွာ၊ ခံနိုင်ရည်ရှိစွာ ဖွံ့ဖြိုးတိုးတက်စေရေး သေချာစေရန်ကူညီပေးကြောင်း ပူတင် က ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် EAEU ၂၀၂၅ ခုနှစ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘီလာရုစ်နိုင်ငံ သမ္မတ Aleksandr Lukashenko က ၂၀၂၆ ခုနှစ်တွင် EAEU ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ကာဇက်စတန်နိုင်ငံက တာဝန်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ EAEU ၏ အဖွဲ့ဝင်နိုင်ငံများတွင် ရုရှား၊ ဘီလာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်နှင့် ကာဂျစ္စတန်တို့ ပါဝင်သည်။ (Repost from Xinhua Myanmar)