“ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်မှာ စီရော်နယ်လ်ဒို ကို ဖြတ်ကျော်ခဲ့တဲ့ ဟာလန်း”

22 Dec

မန်စီးတီးတိုက်စစ်မှူး ဟာလန်း က ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး စီရော်နယ်လ်ဒိုရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်ကို ဖြတ်ကျော်ခဲ့ပါတယ်။ ဟာလန်း ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၄ ဂိုး ရှိလာခဲ့ပြီး စီရော်နယ်လ်ဒို ရဲ့သွင်းဂိုး ၁၀၃ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်လ်ဒို ဟာ ၁၀၃ ဂိုးသွင်းနိုင်ဖို့ ၂၃၆ ပွဲ ကစားခဲ့ရပြီး ဟာလန်း ကတော့ ၁၁၄ ပွဲသာ ကစားခဲ့ရပါတယ်။ ဟာလန်းအနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ ရဲ့ သွင်းဂိုး ၁၀၄ ဂိုးနဲ့ သွင်းဂိုးအရေအတွက် တူညီခဲ့ပါတယ်။ ဟာလန်း ဟာ အခုရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုး သွင်းထားပြီး ပရီးမီးယားလိဂ်မှာ ၁၉ ဂိုး သွင်းယူထားပါတယ်။ (NVS 008)

22 Dec

ADVERTISE HERE .