“၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို စတင်ကျင်းပ”
22 Dec
(၃၅) ကြိမ်မြောက်အဖြစ်ကျင်းပတဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်ကနေ ဇန်နဝါရီလ ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်မှာဖြစ်ပြီး မြို့ကြီးခြောက်မြို့ရှိ ကွင်းကိုးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းက အိမ်ရှင် မော်ရိုကိုအသင်းဖြစ်နေပြီး လက်ရှိချန်ပီယံကတော့ အိုင်ဗရီကို့စ်အသင်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံးကလည်း မော်ရိုကိုအသင်းက အဆင့် (၁၁) နေရာနဲ့ ထိပ်ဆုံးမှာရှိပေမယ့် ၁၉၇၆ ခုနှစ်ကတည်းက ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၂၄ သင်းကို လေးသင်းခြောက်အုပ်စုခွဲထားပြီး အုပ်စုအလိုက် ပထမ၊ ဒုတိယရရှိတဲ့နှစ်သင်းစီအပြင် အကောင်းဆုံးတတိယ လေးသင်းပါ တတိယအဆင့် တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)
22 Dec