“အသင်းဟောင်း ပေါ်တိုအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ သီယာဂိုဆေးလ်ဗား”
22 Dec
ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ အသင်းဟောင်း ပေါ်တိုအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် သီယာဂိုဆေးလ်ဗား ဟာ ပေါ်တိုအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိတဲ့အချက် ပါဝင်ပါတယ်။ သီယာဂိုဆေးလ်ဗား ဟာ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းနဲ့ ခြောက်လစာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ သီယာဂိုဆေးလ်ဗားအနေနဲ့ ၂၀၀၄ ခုနှစ်မှာ ပေါ်တိုအသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းကြီးနဲ့ ပွဲထွက်ခွင့်မရဘဲ အရန်အသင်းမှာသာ ကစားခွင့်ရခဲ့လို့ တစ်ရာသီသာ ကစားကာ ဘရာဇီးလ်နိုင်ငံကို ပြန်ခဲ့ပါတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၁၁၃ ပွဲ ကစားခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းလူစာရင်းမှာ ရွေးချယ်ခံရဖို့လည်း မျှော်လင့်နေပါတယ်။ (NVS 008)
22 Dec