“ဘရူနိုဖာနန်ဒက်စ် ပွဲစဉ်တချို့ လွဲချော်ရဖွယ်ရှိတယ်လို့ ဆိုတဲ့ နည်းပြ အာမိုရင်မ် ပြောကြား"

22 Dec

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ် က အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ ပွဲစဉ်တချို့ကို လွဲချော်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ပွဲစဉ်မှာ မန်ယူအသင်းက ၁ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ရခဲ့တဲ့အပြင် မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ် က ပထမပိုင်းပြီးတဲ့အထိ ဆက်ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လီဆန်ဒရိုမာတီနက်ဇ် နဲ့ လူစားလဲခဲ့ရပါတယ်။ အာမိုရင်မ် က ဒဏ်ရာအခြေအနေကို အတိအကျမသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ နှစ်သစ်ကူးကာလမှာ ပြိုင်ပွဲတွေဆက်တိုက်ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ် အနေနဲ့ကတော့ လာမယ့်နယူးကာဆယ်အသင်းနဲ့ပွဲစဉ်ကို သေချာပေါက်လွဲချော်ဖွယ်ရှိနေပါတယ်။(NVS 008)

22 Dec

ADVERTISE HERE .