“အမျိုးသမီးလိဂ် ဒုတိယအကျော့ပွဲစဉ်များ ပြန်လည်စတင်မည်”
22 Dec
ထိုင်းဆီးဂိမ်းပြိုင်ပွဲကြောင့် ရပ်နားထားရတဲ့ အမျိုးသမီးလိဂ်ဒုတိယအကျော့ပွဲစဉ်များကို ယခုလဒီဇင်ဘာ ၂၆ ရက်မှာ ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ကလပ်အသင်းအလိုက် ကစားသမားအသစ်များကိုလည်း အားဖြည့်ခေါ်ယူလျက်ရှိပါတယ်။ ကစားသမားများခေါ်ယူမှုအနေနဲ့ ဧရာဝတီအသင်းက ဖိလစ်ပိုင်ကလပ် Stallion Laguna FC ၌ ကစားနေတဲ့ ဂျပန်တောင်ပံကစားသမား Kirara Ogawa နှင့် ဖိလစ်ပိုင်တောင်ပံကစားသမား Alyssa Jane တိုကို ခေါ်ယူထားပါတယ်။ (NVS 008)
22 Dec