“အီဂျစ်နှင့်ရုရှားနိုင်ငံတို့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ကတိပြု”

22 Dec

အီဂျစ်သမ္မတ အက်ဒဲလ်ဖာတာအယ်လ်စီစီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်တို့သည် ဒီဇင်ဘာလ ၂၀ ရက်က အီဂျစ်နိုင်ငံကိုင်ရိုမြို့၌တွေ့ဆုံကာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားသည်။ အီဂျစ်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေးကဏ္ဍများတွင် အစဉ်တစိုက်တိုးတက်လာနေသည့်အပေါ် အီဂျစ်သမ္မတ အယ်လ်စီစီက ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် စူးအက်တူးမြောင်းစီးပွားရေးဇုန်ရှိ ရုရှားစက်မှုဇုန်နှင့်ဒါဘားနျူကလီးယား စွမ်းအင်စက်ရုံ အပါ အဝင် ဒီဇင်ဘာလ ၂၀ ရက်က ကိုင်ရိုမြို့၌ အဓိကပူးတွဲစီမံကိန်းများကို ရှေ့ဆက်ဆောင်ရွက်ရန် အရေးကြီးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ခေါင်းဆောင်နှစ်ဦးသည် ကျင်းပခဲ့သည့် ရုရှား-အာဖရိက မိတ်ဖက်ဖိုရမ်၏ ဒုတိယအကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဂါဇာ၌ ဖြစ်ပွား နေသော ပဋိပက္ခများချုပ်ငြိမ်းရန်၊ အပစ်အခတ်ရပ်စဲရေးကိုခိုင်မာအားကောင်းစေရန်နှင့် ဒေသအတွင်း နောက်ထပ် တင်းမာလာမှုများ မဖြစ်ပွားစေရန် အရေးတကြီးလိုအပ်ကြောင်း အလေးပေးပြောကြားသည်ဟု ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြထားသည်။

22 Dec

ADVERTISE HERE .