“ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦများကို စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်မှာကြား”
22 Dec
ပဲခူးတိုင်းဒေသကြီးသို့ရောက်ရှိနေတဲ့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဒီဇင်ဘာလ ၂၁ ရက်က သရေခေတ္တရာမြို့ဟောင်း၏ အနောက် တောင်ဘက်ရှိ ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီတော်ကို ဖူးမြှော် ကြည်ညိုခဲ့ကြပါတယ်။ အခုလိုဖူးမြှော်ကြည်ညိုပြီးနောက် နိုင်ငံတော်ယာယီသမ္မတမှ ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦများက တန်ဖိုးဖြတ်၍မရနိုင်တဲ့ အမွေအနှစ်များဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး အတွက် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် စေတီတော်ကြီးလုံးပတ်တော်ပေါ်မှာ သစ်ပင်ငယ်များပေါက်ရောက်နေခြင်းက ရေရှည်တည်တံ့ခိုင်မြဲ ရေးကို ထိခိုက်စေနိုင်မည်ဖြစ်၍ စဉ်ဆက်မပြတ်ဖယ်ရှားရှင်းလင်းရန်၊ စေတီတော်ပရိဝုဏ်နှင့်အနီးတစ်ဝိုက်မှ ချုံနွယ် များ၊ သစ်ပင်ကြီးများကို အောက်ခြေရှင်းအလင်းဖွင့်ရန်၊ စေတီတော်မြတ်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်း ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတက ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော လက်သည်းရေကန် ကျောင်းတိုက်(ခ)သုံးပန်လှကျောင်းဝင်းအတွင်းရှိ နှစ်ထပ်အုတ်တိုက်ကို ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံ ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)