“AI အပါအဝင် ထွန်းသစ်နည်းပညာ အရွှေ့နှုန်းနှင့်အမီ လိုက်ပါနိုင်ရေး လေ့လာဆောင်ရွက်ရန်လိုအပ်”

22 Dec

အင်ဂျင်နီယာဘာသာရပ်အလိုက် ပညာသင်ကြားနေတဲ့ ကျောင်းသား/ကျောင်းသူများအနေနဲ့ AI အပါအဝင် ထွန်းသစ်နည်းပညာအရွှေ့နှုန်းနှင့်အမီ လိုက်ပါနိုင်ရေး လေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ က တိုက်တွန်းပြောကြားခဲ့ပါတယ်။ သိပ္ပံနှင့်နည်းပညာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ သွား‌ရောက်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်က အမှန်တကယ် အားထားရမယ့် နည်းပညာစွမ်းရည်များပြည့်ဝတဲ့ လူငယ်အင်ဂျင်နီယာကောင်းများ ဖြစ်စရေန် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နည်းပညာကျွမ်းကျင်မှုအပြင် ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာကြရန်နှင့် နည်းပညာရှင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် သွားနိုင်ရေးအလေးထားဆောင်ရွက်ရန် ဒုတိယဝန်ကြီး က မှာကြားခဲ့ပါတယ်။ (NVS 004)

22 Dec

ADVERTISE HERE .