“ယခုဘဏ္ဍာနှစ် ၈ လအတွင်း ရေထွက်ကုန်တင်ပို့ခြင်းမှ အမေရိကန်‌‌ဒေါ်လာ ၂၁ သန်းရရှိ”

22 Dec

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ၈ လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၇,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၂၀၂၅ ခုနှစ်၊ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၈ လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန် ၇,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ ပုစွန် အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပုစွန်တန် ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

22 Dec

ADVERTISE HERE .