ဆာကာ နဲ့ အာဆင်နယ်အသင်းတို့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်စီစဉ်
21 Dec
အာဆင်နယ်အသင်းက တောင်ပံကစားသမား ဆာကာ ကို ၂ဝ၃၁ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား ဆာကာ က အဆိုပါစာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခလစာငွေ စတာလင်ပေါင် ၃ဝဝ,ဝဝဝ ထိ ရရှိမှာဖြစ်ပြီး အာဆင်နယ်အသင်း သမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံးရရှိသည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်မှာ ဖြစ်ပါတယ်။ ဆာ ကာ ဟာ အာဆင်နယ်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၈၄ ပွဲ ကစားကာ ၇၇ ဂိုးထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းထုတ်ပြန်ချက်တွင် ဆာကာ ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 008)
21 Dec