ဆွစ်ဇာလန်တင်းနစ်ကစားသမား ဝေါ်ရင်ကာ တင်းနစ်လောကမှ အနားယူတော့မယ်လို့ ကြေညာ

21 Dec

ဆွစ်ဇာလန်နိုင်ငံရဲ့ ဂန္ထဝင်တင်းနစ်ကစားသမား ဖက်ဒဲရာ နှင့် ခေတ်ပြိုင်ကစားသမားဖြစ်သူ ဂရန်းစလန်း ဆုဖလားသုံးလုံး ရယူထားနိုင်ခဲ့တဲ့ ဝေါ်ရင်ကာ က တင်းနစ်လောကမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့ ပါတယ်။ ဝေါ်ရင်ကာ ဟာ ဖက်ဒဲရာ အနားမယူခင်ကာလတစ်လျှောက် ဆွစ်ဇာလန်နံပါတ်(၂) တင်းနစ်ကစားသမား အနေဖြင့်သာ ဖြတ်သန်းခဲ့ရပြီး ဖက်ဒဲရာ အနားယူသွားချိန်မှာ ဆွစ်ဇာလန်နံပါတ်(၁) တင်းနစ်ကစားသမား ဖြစ်လာခဲ့သော်လည်း အသက်အရွယ်အရ အကျပိုင်းသို့ ရောက်လာပြီဖြစ်သလို တင်းနစ်လောကတွင်လည်း ၂၄ နှစ်တိုင် ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် အကုန်တွင် တင်းနစ်လောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဖက်ဒဲရာ၊ ဂျိုကိုဗစ် နဲ့ ရာဖေးလ်နာဒယ် တို့ကြောင့်သာ ကမ္ဘာ့အဆင့်(၁)နေရာကို တက်ရောက်ခွင့် မရခဲ့သူဖြစ်ပါတယ်။ တင်းနစ်လောက သမိုင်းတွင် “ကြီး ၃ ကြီး” ဟု သတ်မှတ်ခံထားရသည့် ဖက်ဒဲရာ၊ ဂျိုကိုဗစ် နဲ့ ရာဖေးလ်နာဒယ် တို့ကို အနိုင်ကစားခဲ့ဖူးသည့် ကစားသမားအနည်းစု တွင် ဝေါ်ရင်ကာ လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)

21 Dec

ADVERTISE HERE .