အန်တိုနီဂျိုရှုအာ က ဂျိတ်ပေါလ်ကို အလဲထိုးရလဒ်ဖြင့် အနိုင်ရ

21 Dec

WBA(Super)၊ IBF၊ WBO၊ IBO ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား အန်တိုနီ ဂျိုရှုအာ နှင့် စိန်ခေါ်သူ အမေရိကန်လက်ဝှေ့သမား ဂျိတ်ပေါလ် တို့ ဒီဇင်ဘာလ ၂၀ ရက်တွင် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့၌ ထိုးသတ်ခဲ့ရာ အန်တိုနီ ဂျိုရှုအာ က အလဲထိုးရလဒ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရပါတယ်။ ဂျိတ်ပေါလ် ဟာ ဂန္ထဝင်လက်ဝှေ့သမားဟောင်းကြီး မိုင်တိုင်ဆန် ကို နှစ်ကြိမ်အနိုင်ရခဲ့ဖူးသလို WBC မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း မက္ကဆီကိုလက်ဝှေ့သမား ချာဗက်ဇ်ဂျူနီယာ ကိုလည်း အနိုင်ထိုးသတ်ခဲ့ပြီးနောက် အန်တိုနီဂျိုအာ ကို စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျိတ်ပေါလ် က နာမည်ကြီး Youtuber ဘဝမှပရော်ဖက်ရှင်နယ် လက်ဝှေ့လောကသို့ ဝင်ရောက်လာသူဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းများပြသနေသည့် လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံဟောင်းများကို အနိုင်ယူခဲ့ ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ပါဝင်လာခဲ့ကာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးလိုတဲ့အတွက် ချန်ပီယံဟောင်းဖြစ်သူ အန်တိုနီဂျိုရှု ကို စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အန်တိုနီ ဂျိုရှုအာ က ခြောက်ချီမြောက်တွင် ဂျိတ်ပေါလ် ကို အလဲထိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဂျိတ်ပေါလ် အနေနဲ့ မေးရိုးကျိုးခဲ့ကြောင်းလည်း သိရပါတယ်။(NVS 008)

21 Dec

ADVERTISE HERE .