မန်ယူအသင်းက ကွင်းလယ်လိုအပ်ချက်အတွက် ရူဘင်နာဗက် ကိုခေါ်ယူရန်စီစဉ်
21 Dec
မန်ယူအသင်းက ကွင်းလယ်လိုအပ်ချက်အတွက် အယ်လ်ဟီလယ်အသင်းမှ ကွင်းလယ်ကစားသမား ရူဘင်နာဗက် ကိုခေါ်ယူရန် စီစဉ်နေကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ရူဘင်နာဗက် ဟာ ၂၀၂၃ ခုနှစ်မှာ ဝုဗ်အသင်းမှ ဆော်ဒီထိပ်တန်းကလပ် အယ်လ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၇ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိတွင် ရူဘင်နာဗက် နဲ့ အယ်လ်ဟီ လယ်အသင်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။ အယ်လ်ဟီလယ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုသော်လည်း ရူဘင်နာဗက် က စာချုပ်သစ်အတွက် ငြင်းဆိုထားပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲသို့ ပြန်လည်ပြောင်းရွှေ့ကစားလိုနေတာ ဖြစ်ပါတယ်။ အယ်လ်ဟီလယ်အသင်းက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေကြေး စတာလင်ပေါင် သန်း ၂၀ ခန့်ရရှိပါက ရောင်းချရန် ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ မန်ယူအသင်း ကွင်းလယ်ပိုင်းတွင် ကိုဘီမိုင်နူး၊ ကတ်စမဲရိုး နဲ့ အူဂါတေး တို့က အနာဂတ်မရေမရာ ဖြစ်နေခဲ့လို့ နည်းပြ အာမိုရင် က အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန် ရူဘင်နာဗက် ကို ပစ်မှတ်ထားနေခြင်း ဖြစ်ပါတယ်။(NVS 008)