ဘုန်းမောက်အသင်း တိုက်စစ်မှူး ဆီမီညို ကိုခေါ်ယူရန် မန်စီးတီးအသင်း ဆွေးနွေးနေ

21 Dec

မန်စီးတီးအသင်းက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဘုန်းမောက်အသင်းမှ တိုက်စစ်မှူး ဆီမီညို ကိုခေါ်ယူရန် ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့ ပါတယ်။ ဆီမီညို နဲ့ ဘုန်းမောက်အသင်း တို့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်များအရ လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် ၆၅ သန်းသာ ရှိတဲ့အတွက် မန်စီးတီးအသင်းက စာချုပ်ဖျက်သိမ်းကြေးပေးချေပြီး ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ ဘုန်းမောက်အသင်းက ဆီမီညို ကို လက်မလွှတ်လိုသော်လည်း ၎င်းကိုယ်တိုင်က လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာလိုနေတာကြောင့် လက်လွှတ်ရရန် နီးစပ်နေပါတယ်။ ဆီမီညို က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၂ ပွဲတွင် သွင်းဂိုး ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီတွင်လည်း ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ခုနစ်ဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။(NVS 008)

21 Dec

ADVERTISE HERE .