စားအုန်းဆီရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်း
21 Dec
ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ ရောင်းချမည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာ ၆,၀၅၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် စားအုန်းဆီဈေးနှုန်း အနည်းငယ်ထပ်မံကျဆင်းခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာ တစ်ပိဿာကို ကျပ် ၆,၁၁၅ ကျပ်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် မှ ၁၁ ရက်ထိ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၁၄၀ သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ စားအုန်းဆီများကို ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားပါတယ်။ ပြည်ပမှ စာအုန်းဆီများကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်း အတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်း ဆောင်ရွက်နေကြောင်းသိရပါတယ်။(NVS 004)