မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ်အလုပ်လုပ်ကြရမည်

21 Dec

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီဇင်ဘာလ ၂၀ ရက်တွင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး ပြောကြားစဉ် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတက မင်းဘူးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်းဘူးဒေသတွင် ပဲနှင့်ဝါကို အဓိကထားစိုက်ပျိုး ကြသည်ကို တွေ့ရှိရပြီး ဆန်ဖူလုံမှုရှိသည့် ဒေသလည်းဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါက ယခုထက်ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်တစ်ခုတည်း အနေဖြင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် ဝင်ငွေလျော့နည်းမှုမှာ ၅၀၀ ဘီလီယံကျော်ခန့် ရှိကြောင်း၊ ဒါကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသ၏စီးပွားရေးကို များစွာပြောင်းလဲ သွားစေနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ယခုဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့်ဝါများ စိုက်ပျိုးရာတွင် တစ်ဧက ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုဧက ၅ သိန်းခန့်ရှိပြီး ဝါအထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းချည်ချောထုတ်လုပ်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချက်အလက်များအား တင်ပြဆောင်ရွက်ရာ၌ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ခေတ်အဆက်ဆက်တွင် လယ်ယာထွက်ကုန် ပစ္စည်းများ ထွက်ရှိမှုမှာ ကိန်းဂဏန်းအချက်အလက်များအရ ကွာခြားချက်များရှိနေကြောင်း၊ ကိန်းဂဏန်း အချက် အလက်များ၊ စာရင်းဇယားများ မှန်ကန်စွာသိရှိနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ပန်းတိုင် ရည်မှန်းချက်များ ပြည့်မီ စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စာရင်းဇယားကောက်ယူသူများအနေဖြင့်လည်း မှန်ကန်သည့် စာရင်း ဇယားများရရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး အမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေး အတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။(NVS 004)

21 Dec

ADVERTISE HERE .