တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ထုတ်ပြန်
20 Dec၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားရှိပါတယ်။ အဆိုပါကြေညာချက်အရ မတ်လ ၁၁ ရက်(ဗုဒ္ဓဟူးနေ့)တွင် မြန်မာစာ၊ မတ်လ ၁၂ ရက်(ကြာသပတေးနေ့)တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်(သောကြာနေ့)တွင် သင်္ချာ၊ မတ်လ ၁၄ ရက်(စနေနေ့)တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ မတ်လ ၁၆ ရက်(တနင်္လာနေ့)တွင် ရူပဗေဒနှင့် သမိုင်း၊ မတ်လ ၁၇ ရက်(အင်္ဂါနေ့)တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များကို ဖြေဆိုရမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို အထက်ပါရက်များအတိုင်း နေ့စဥ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး မတ်လ ၁၅ ရက်(တနင်္ဂနွေနေ့)အား ပိတ်ရက်အဖြစ်သတ်မှတ်ထားရှိပါတယ်။(NVS 004)
20 Dec