ရုရှား-မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

20 Dec

ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သည့် ရုရှား-မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ပန္နက်တင်မင်္ဂလာနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က မြန်မာနိုင်ငံ ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည် အထောက်အကူပြုမည့် အရေးပါသည့်စီမံကိန်းတစ်ခု၏ ကနဦးခြေလှမ်းဖြစ်ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(Fund RC-Investment)၏ RUMA Organic ကုမ္ပဏီအား ပျဉ်းမနားခရိုင်၊ နေပြည်တော်ကောင်စီနယ်မြေတွင် သဘာဝရွက်ဖျန်းမြေဩဇာများ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့ပြီး ၎င်းစီမံကိန်းအပေါ် နိုင်ငံတော်ယာယီ သမ္မတက အထူးအလေးထားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသရန် အခွင့်အရေးတစ်ရပ်ဖြစ်သည့်အတွက် စက်ရုံကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အမြန်ဆုံး ဆောက်လုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်စေလိုကြောင်း၊ သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည်ကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ ကုန်ကျစရိတ် လျော့နည်းစေမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr.Artemi Alimov၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor Mr. Andrei Lunak နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ RUMA Organic ကုမ္ပဏီနှင့် အောင်သန်းထိုက်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

20 Dec

ADVERTISE HERE .