ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲပြောင်းပေးအပ်

20 Dec

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ဆန္ဒမဲပေးပြီးဖြစ်တဲ့ ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲ ပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၅၀ တို့တွင် သတ်မှတ် ရက်များအလိုက် မဲရုံများဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအသီးသီးတို့မှ ပြန်လည်ပေးပို့လာသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

20 Dec

ADVERTISE HERE .