ရာဖင်ညာ ရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၂ဝ သတ်မှတ်ခဲ့တဲ့ ဘာစီလိုနာအသင်း

19 Dec

ဘာစီလိုနာအသင်းက တိုက်စစ်ကစားသမား ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၂၀ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ရာဖင်ညာ အနေနဲ့ ဘာစီလိုနာအသင်း၌ အကောင်းဆုံးခြေစွမ်းပြနေတဲ့အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများနဲ့ ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းက ဈေးနှုန်းသတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ရာဖင်ညာ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေသော်လည်း ၎င်းတို့အလိုရှိတဲ့ ပြောင်းရွှေ့ကြေးပမာဏဖြင့် ကမ်းလှမ်း လာခဲ့ပါက ရောင်းထုတ်သွားဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

19 Dec

ADVERTISE HERE .