စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့က အန်ဆူဖာတီ ကိုခေါ်ယူရန် စိတ်ဝင်စား
19 Dec
ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့က ဘာစီလိုနာအသင်း တိုက်စစ် ကစားသမား အန်ဆူဖာတီ ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက အန်ဆူဖာတီ ကို အသင်းရဲ့ အနာဂတ်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ် ခဲ့သော်လည်း မျှော်မှန်းထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ရာသီတွင် ဘရိုက်တန် အသင်းထံ အငှားချခဲ့ပြီး ယခုရာသီတွင်လည်း မိုနာကိုအသင်းထံ အငှားချထားခဲ့ခြင်းဖြစ်ပါတယ်။ အန်ဆူဖာတီ ကို ဘာစီလိုနာအသင်းက ရောင်းထုတ်ရန်ဆန္ဒရှိနေခဲ့လို့ စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းများက အန်ဆူဖာတီ ကို အပြီးသတ်ခေါ်ယူ ခြင်းထက် အငှားဖြင့်ခေါ်ယူရန်သာ ပိုမိုလိုလားနေတာဖြစ်ပါတယ်။ တူရကီကလပ် ဘက်ဆစ်တက်အသင်းကလည်း အန်ဆူဖာတီ ကို ပရီးမီးယားလိဂ်အသင်းများနှင့်အပြိုင် ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရပါတယ်။(NVS 008)