ကွာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်တွင် လက်ရှိချန်ပီယံ နယူးကာဆယ်နှင့် မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံ

19 Dec

ကွာရာဘောင်းဖလား လက်ရှိချန်ပီယံ နယူးကာဆယ်အသင်းက ကွာတားဖိုင်နယ်အဆင့်တွင် ဖူလ်ဟမ် အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်တွင် မန်စီးတီးအသင်းနဲ့ တွေ့ဆုံနေကြောင်း Espn သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကွာရာဘောင်းဖလား ခြောက်ကြိမ်အထိ ရရှိထားတဲ့ မန်စီးတီးအသင်းက ကွာတားဖိုင်နယ်အဆင့်တွင် ဘရန့်ဖို့ဒ်အသင်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲ ပထမအကျော့ကို လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် နယူးကာဆယ်အသင်း အိမ်ကွင်း၌ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကို ပထမအကျော့ကစားပြီး ရက်သတ္တသုံးပတ်အကြာတွင် ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အခြားဆီမီးဖိုင်နယ်အဆင့်တွင် ကာဒစ်အသင်းကို အနိုင်ရပြီး ဆုဖလားငါးကြိမ်ရရှိထားတဲ့ ချဲလ်ဆီး အသင်းက အာဆင်နယ်အသင်းနှင့် ပဲလေ့စ်အသင်းတို့ပွဲစဉ်မှ အနိုင်ရသည့်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။(NVS 008)

19 Dec

ADVERTISE HERE .