ချီကာဂိုဖိုင်းယားအသင်းက ဘာစီလိုနာအသင်းမှ ဝါရင့်တိုက်စစ်ကစားသမား လီဝန်ဒေါစကီး ကိုခေါ်ယူရန် ဆွေးနွေးမှုများလုပ်ဆောင်
19 Dec
မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းက ဘာစီလိုနာအသင်းမှ ဝါရင့်တိုက်စစ်ကစားသမား လီဝန်ဒေါစကီး ကိုခေါ်ယူရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။ လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက စာချုပ်သက်တမ်းတိုးရန် အခွင့်အရေးနည်းပါးနေတဲ့ အတွက် ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာရန် နီးစပ်နေပါတယ်။ အစောပိုင်းက ယခုဘောလုံးရာသီအကုန်တွင် လီဝန်ဒေါစကီး ကို ဆော်ဒီထိပ်တန်းကလပ်အသင်းများက မြင့်မားသည့် လုပ်ခလစာဖြင့်ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ချီကာဂိုဖိုင်းယားအသင်းက လက်ဦးမှုရယူနိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။(NVS 008)
19 Dec