ဒဏ်ရာမှပြန်လည်သက်သာလာသည့် မူစီအာလာ အသင်းနှင့်အတူ လေ့ကျင့်ခန်းများပြုလုပ်
19 Dec
ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား မူစီအာလာ အနေနဲ့ အရိုးအက်ဒဏ်ရာမှ ပြန်လည် သက်သာ လာခဲ့လို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် မူစီအာလာ ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားသည့်ပွဲစဉ်မှာ အရိုးအက်ဒဏ်ရာအပြင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည်အနားယူနေရခြင်းဖြစ်ပါတယ်။ မူစီအာလာ အနေနဲ့ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတဲ့အတွက် ယခုဘောလုံးရာသီတွင် တစ်ပွဲမှ ပါဝင်ကစားနိုင်ခြင်း မရှိသေးဘဲ ယခုအခါ ဒဏ်ရာမှသက်သာလာခဲ့လို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းများ ပြန်လည် လုပ်ဆောင်နေခဲ့ပြီး မကြာမီတွင် အသင်းနဲ့အတူ ပြန်လည်ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ မူစိအာလာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး လေ့ကျင့်ခန်းများလုပ်ဆောင်နိုင်ပြီဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက အလျင်စလိုအသုံးပြုမည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။(NVS 008)