ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေးအပ်မည့်ဆုကြေးငွေများကို ထုတ်ပြန်
19 Dec
အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့က သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ ဖလား ပြိုင်ပွဲအတွက် ဆုကြေးငွေများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကကြေညာခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲထက် အဆများစွာ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း အရေ အတွက် တိုးမြှင့်ကာ ၄၈ သင်းထိ တိုးမြှင့်ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် စတင် ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲတွင် အဆင့် (၃၃) မှ (၄၈) အတွင်း ရပ်တည်ခဲ့သည့်အသင်းများက အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ သန်း၊ အဆင့် (၁၇) မှ (၃၂)အတွင်း ရပ်တည်မည့်အသင်းများက အမေရိကန်ဒေါ်လာ ၁၁ သန်း၊ အဆင့် (၉) မှ အဆင့် (၁၆) အတွင်း ရပ်တည်မည့် အသင်းများက အမေရိကန်ဒေါ်လာ ၁၆ သန်း၊ အဆင့် (၄) ရရှိမည့် အသင်းက အမေရိကန်ဒေါ်လာ ၂၇ သန်း၊ တတိယဆု ရရှိတဲ့အသင်းက အမေရိကန်ဒေါ်လာ ၂၉ သန်း၊ ဒုတိယဆုရရှိတဲ့ အသင်းက ၃၃ သန်း ရရှိမှာဖြစ်ကာ ချန်ပီယံဆု ဆွတ်ခူး နိုင်မည့်အသင်းက အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိမှာ ဖြစ်ပါတယ်။ ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်မည့် အသင်းတိုင်း အတွက်လည်း ကြိုတင်ပြင်ဆင် စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ပေးအပ်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ဆုကြေးငွေများကို တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း ပွဲကြည့် ခွင့် လက်မှတ် များကို ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထက်အဆမတန် တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင် နေရကြောင်း သိရပါတယ်။ (NVS 008)