အိုဗီဒိုအသင်းနည်းပြ လူးဝစ်ကယ်ရီအွန်ကို ရာထူးမှထုတ်ပယ်
19 Dec
စပိန်လာလီဂါကလပ် အိုဗီဒိုအသင်းဟာ နည်းပြဖြစ်သူ လူးဝစ်ကယ်ရီအွန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စပိန်လာလီဂါပွဲစဉ် ၁၆ ပွဲကစားအပြီးတွင် အိုဗီဒိုအသင်းဟာ ရမှတ် ၁ဝမှတ်နဲ့ အဆင့် (၁၉) နေရာတွင်ရပ်တည်နေပြီး ရလဒ်များဆိုးရွားခြင်းကြောင့် နည်းပြလူးဝစ်ကယ်ရီအွန်ကို နည်းပြရာထူးမှ ထုတ်ပယ် ခဲ့ခြင်း ဖြစ်ပါတယ်။ နည်းပြ လူးဝစ်ကယ်ရီအွန်ဟာ အိုဗီဒိုအသင်းအား ၂ဝ၂၅ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းတွင် စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ၉ ပွဲတွင် တစ်ပွဲမျှနိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်းဖြစ်ပါတယ်။ (NVS 008)
19 Dec