ဒိုင်ဘာလာ ရိုးမားအသင်းမှ ရာသီအကုန်တွင် ထွက်ခွာသွားမည်

19 Dec

ရိုးမားအသင်းမှ တိုက်စစ်မှူး ဒိုင်ဘာလာဟာ ယခုနှစ်ဘောလုံးရာသီအကုန်တွင် ထွက်ခွာသွားမည် ဖြစ် ကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးကို လက်ရှိအချိန်တွင် ဥရောပကလပ်အသင်းများအပြင် ဆော်ဒီကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ဒိုင်ဘာလာဟာ ရိုးမားအသင်းနှင့်အတူ ၂ဝ၂၂-၂၀၂၃မှ ယခုနှစ်ဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၁၂၆ ပွဲ ကစားပြီး ၄၄ ဂိုး သွင်းယူကာ ခြေစွမ်းပြထားပါတယ်။ဒါကြောင့် တိုက်စစ်မှူး ဒိုင်ဘာလာအနေဖြင့် ရိုးမားအသင်းမှ ထွက်ခွာပြီး မည်သည့်အသင်း သို့ ပြောင်းရွှေ့ရောက်ရှိသွားမည် လည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။ (NVS 008)

19 Dec

ADVERTISE HERE .