စပါးအသင်းက ဘာရီယို့စ်ကို ခေါ်ယူရန် ကမ်းလှမ်း
19 Dec
စပါးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်း၏ ကွင်းလယ်ကစားသမား ဘာရီယို့စ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမား ဘာရီယို့စ်ဟာ အက်သလက်တီကိုမက်ဒရစ် အသင်းနှင့်အတူ ၂ဝ၂၂-၂ဝ၂၃ မှ ယခုနှစ်ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၂၆ ပွဲကစားပြီး ခုနစ်ဂိုးသွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် စပါးအသင်းကခေါ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အက်သလက်တီကိုအသင်းကလည်း ဘာရီယို့စ် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ ကြေးတစ်ရပ်ရရှိပါက မည်သည့်အသင်းကိုမဆို ရောင်းချသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆောင်းရာသီဈေးကွက်တွင် စပါးအသင်းအနေနဲ့ အက်သလက်တီကိုအသင်းမှ ဘာရီယို့စ်ကို ခေါ်ယူသွားနိုင်မည်လားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)
19 Dec