“ပဲခူးမြို့အား ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေး မြေထိန်းနံရံတည်ဆောက်နေ”
19 Dec
ပဲခူးမြို့ကို နှစ်စဉ်ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေကြောင်း တိုင်းဒေသကြီး အစိုးရထံမှ သိရပါတယ်။ အဆိုပါ တည်ဆောက်နေတဲ့ မြေထိန်းနံရံသည်ပဲခူးမြို့မဈေးအနီး၊ပဲခူးတံတားအထက်ဘက်အခြမ်းနှင့်အောက်ဘက်ခြမ်းဝဲယာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပါတယ်။ တည်ဆောက်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီး ရေလျှံမှုမဖြစ်စေရေးနှင့်ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပဲခူးမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းမှချောင်းများကိုလည်း ရေတံခါးတပ်ဆင်နိုင်ရေး ကွင်းဆင်းတိုင်းတာတွက်ချက်တင်ပြရန်၊ သတ်မှတ် စံချိန် စံညွှန်းနှင့်အညီအချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ်တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 004)