မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ဆန်အကြောင်းသိကောင်းစရာပြပွဲ ပြုလုပ်မည်
19 Dec
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနများက ပံပိုးကူညီပြီး ညီနောင်အသင်းအဖွဲ့များ၊ကုန်စည်ဒိုင်များ၊ အသင်းဝင်ဆန်အရောင်းဆိုင်လုပ်ငန်းများပူးပေါင်းပြီး ဆန်အကြောင်း သိကောင်းစရာပြပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့၌ ရန်ကုန် Melia ဟိုတယ်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် ဆန်အမျိုးစားများ၊ ဆန်အရည်အသွေးအမျိုးမျိုးနှင့် အဆင့်အတန်းများကုန်အမှတ်တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုး၊ ချက်ပြုတ်နည်းများနှင့်အာဟာရတန်ဖိုးများကို အိမ်ရှင်မများသိရှိစေရန် ဆန်အကြောင်း သိကောင်း စရာများကို လက်ဆင့်ကမ်းမျှဝေနိုင်မည့် သံတမန်(Rice Ambassador ) များအဖြစ် တာဝန်ပေးအပ်ခြင်းများ လုပ်ဆောင် မည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် ရွေးချယ်ထားသည့်မြို့နယ်များမှ စိစစ်ရွေးချယ်ထားသည့် အိမ်ရှင်များနှင့် လူငယ်လူလတ် များကို ဆန်အကြောင်းသိကောင်းစရာပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်စေပြီး MRF ၏ဆန်အကြောင်းသိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေပေးမည့် သံတမန်များအဖြစ် တာဝန်ပေးအပ်ကာ အဆိုပါ သံတမန်များက ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်အသိုက်အဝန်းတွင် မှန်ကန်သည့် ဆန်အကြောင်းသိကောင်းစရာများကို လက်ဆင့်ကမ်းမျှဝေနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ (NVS 004)