ထိုင်းအစိုးရက ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ခိုက်မှုများပြုလုပ်ခြင်းသည် အွန်လိုင်းလိမ်လည်မှုများကို ဖြိုခွင်းခြင်းဖြစ်ဟု ဆို

19 Dec

ထိုင်းတပ်မတော်က ကမ္ဘောဒီးယားနှင့်နယ်စပ်တွင် တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းသည် အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းတိုက်ဖျက်ခြင်းဖြစ်ကြောင်းနှင့်လိမ်လည်သူများကို အမြစ်ဖြတ်ချေမှုန်းခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ပြောသည်။ အလားတူဒီဇင်ဘာလအတွင်း ထိုင်းတပ်မတော်၏တိုက်ခိုက်မှု၌ ထိခိုက်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံရှိ ပစ်မှတ်များသည် အွန်လိုင်းလိမ်လည်မှုလုပ်ရာနေရာများဖြစ်ကြောင်း ထိုင်းအမှတ်(၂) စစ်တိုင်းဌာနချုပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် လုပ်ငန်းဆောင်ရွက်ရေးအသက်သွေးကြောများကို ဖြတ်တောက်ထားကြောင်းနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကို အထောက်အပံ့ပေးသောအဆောက်အအုံများကိုဖြိုချမှုများလုပ်ဆောင်ထားကြောင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ ထိုင်းတပ်မတော်၏ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံရသောအရာများတွင် အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်စပ်လျက်ရှိသော ကာစီနိုရုံများလည်းပါဝင်ကြောင်း အမှတ် (၂) စစ်တိုင်းဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုင်းတပ်မတော်သည် ဒီဇင်ဘာလ ၇ ရက်မှစ၍ ပြန်လည်ဖြစ်ပွားသော ကမ္ဘောဒီးယားနိုင်ငံနှင့် တိုက်ခိုက်မှုများအတွင်း F-16 နှင့် Gripen တိုက်လေယာဉ်များကို အသုံးပြုထားကြောင်း ST သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

19 Dec

ADVERTISE HERE .