“၂၀၂၆ မတ်လအတွင်း ဥရုဂွေး၊ ဂျပန် အသင်းတို့နဲ့ ခြေစမ်းပွဲကစားမည့် အင်္ဂလန်အသင်း”
18 Dec
အင်္ဂလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ် မတ်လအတွင်း ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အင်္ဂလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် အုပ်စုတွင်း ရှစ်ပွဲလုံးကို ရာနှုန်းပြည့် အနိုင်ရရှိကာ ဥရောပဇုန်မှ ခြေစစ်ပွဲအောင်မြင်ထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စု(L)၌ ဂါနာ၊ ပနားမား၊ ခရိုအေးရှားအသင်းတို့က တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေပါတယ်။ ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ လာမည့် မတ်လ ၂၇ ရက်တွင် ဥရုဂွေးအသင်း၊ မတ်လ ၃၁ ရက်တွင် ဂျပန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
18 Dec