“၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ မြန်မာဖူဆယ်အသင်း”
18 Dec
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စုပွဲ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အင်ဒိုနီးရှားကို ၁ ဂိုး၊ ၅ ဂိုး၊ ဒုတိယပွဲမှာ ထိုင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့သလို မလေးရှားနဲ့ပွဲမှာလည်း ၁ ဂိုး၊ ၈ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး အုပ်စုကနေ ထွက်ခွာခဲ့ရပါတယ်။ အခုပြိုင်ပွဲမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာတို့ အုပ်စုပတ်လည် ယှဥ်ပြိုင်ကစားခဲ့ပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့အသင်းက ရွှေတံဆိပ်၊ ဒုတိယက ငွေတံဆိပ်၊ တတိယက ကြေးတံဆိပ် ရရှိမှာဖြစ်ပါတယ်။ (NVS 008)
18 Dec