“အယ်လ်ကတ်ဆီယာအသင်းနည်းပြအဖြစ် ဘရန်ဒန်ရော်ဂျာစ် ခန့်အပ်ခံရ”
18 Dec
လီဗာပူးလ်၊ လက်စတာနဲ့ ဆဲလ်တစ် အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာစ် ဟာ ဆော်ဒီ ကလပ် အယ်လ်ကတ်ဆီယာအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။ အာရှရဲ့ ထိပ်တန်းအသင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ အယ်လ်ကတ်ဆီယာအသင်းက ဘရန်ဒန်ရော်ဂျာစ် ကို ၂ နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ မြောက်အိုင်ယာလန်နိုင်ငံသား ဘရန်ဒန် ရော်ဂျာစ် ဟာ ချဲလ်ဆီးအရန်အသင်းမှာ နည်းပြဘဝကို အစပြုခဲ့သူဖြစ်ပြီး ဝက်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီး အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဆဲလ်တစ်အသင်းကိုတော့ နှစ်ကြိမ်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့အောက်တိုဘာလမှာ အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေလို့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ကတ်ဆီယာအသင်းဟာ ၂၀၂၅-၂၆ ရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲမှာ အဆင့်(၅)နေရာ၌ ရောက်ရှိနေပြီး ဘရန်ဒန်ရော်ဂျာစ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းနဲ့အတူ ရင်းနှီးမြှုပ်နှံမှုများစွာ ထပ်မံပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)