“ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့တဲ့ ဖိလစ်ပိုင်အသင်း”

18 Dec

၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဖိလစ်ပိုင်အသင်းက ဗီယက်နမ်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းအနေနဲ့ ဆီးဂိမ်းစ်သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်ခဲ့သလို အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းက ပယ်နယ်တီ ၆ လုံးဆက် ဂိုးဝင်ခဲ့ပြီး ဗီယက်နမ်အသင်းက ၆ လုံးမြောက် ပယ်နယ်တီ မဝင်ခဲ့တာကြောင့် ဖိလစ်ပိုင်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ (NVS 008)

18 Dec

ADVERTISE HERE .