“Intercontinental Cup မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲခဲ့တဲ့ PSG”
18 Dec
PSG အသင်းက Intercontinental Cup ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ နည်းပြ အန်နရီကေး က မဆုံချင်ဘူးလို့ပြောထားတဲ့ ဖလာမင်ဂိုအသင်းက PSG အသင်းကို ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်စေခဲ့တယ်။ PSG အသင်းဟာ အခုပွဲ line-up မှာ အူစမန်ဒမ်ဘီလီ မပါခဲ့ပေမယ့် လူစုံနီးပါး ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ PSG အနေနဲ့ ၃၈ မိနစ်မှာ ခါဗာရာဆကယ်လီယာ ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျော်ဂျင်ဟို က ၆၂ မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။ ပယ်နယ်တီမှာ PSG ဂိုးသမား ဆာဖိုနော့ဗ် က အကောင်းဆုံးလက်စွမ်းပြသကာ ပယ်နယ်တီလေးလုံးအထိ ကာကွယ်ပေးခဲ့ပါတယ်။ PSG အသင်းဟာ အခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ပြင်သစ်အမှတ်ပေး၊ ပြင်သစ်ဖလား၊ ပြင်သစ်စူပါဖလား၊ ဥရောပစူပါဖလားနဲ့ အခု Intercontinental Cup ဖလားတွေစတဲ့ ဖလားခြောက်လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ (NVS 008)