“ဒေါ်နယ်ထရမ့် နှင့် ကင်ဂျုံအန် တို့ ၂၀၂၆ ခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိ"

18 Dec

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့အနေဖြင့် ယခုနှစ် အတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု တောင်ကိုရီးယားသုတေသနအဖွဲ့တစ်ခုက ထုတ်ပြန်ထားသည်။ တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေးနှင့်အမျိုးသားလုံခြုံရေးဆိုင်ရာသုတေသနဌာန(IFANS)က မြောက် ကိုရီးယားနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် နီးကပ်စွာဆက်ဆံလာခြင်းကြောင့် အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား တွေ့ဆုံဆွေးနွေးနိုင်ခြေ ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းတို့၏ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။ နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များသည် ထိပ်သီးဆွေးနွေးပွဲကျင်းပရန် ဆန္ဒရှိခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ မူဘောင်တစ်ခုချမှတ်လိုခြင်း၊ ယင်းမှတစ်ဆင့် နျူကလီးယားကင်းစင်ရေးလုပ်ငန်းပါ အချက်များကို လျှော့ချခြင်းအစရှိသည့် အခြေခံအချက်အလက်များကို အတူတကွသဘောတူလာနိုင်ကြောင်း သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ အထူးသဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဒေါ်နယ်ထရမ့် ၏ တရုတ်နိုင်ငံသို့ခရီးစဉ်သည် ထရမ့် နှင့် ကင်ဂျုံအန် တို့ကြား ဆွေးနွေးမှုပြန်လည်ပြုလုပ်ရန် လမ်းဖွင့်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကိုတွေ့ရကြောင်း ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

18 Dec

ADVERTISE HERE .